ဥပုသ်နေ့/တွင် ကျန်းမာစေတော်မူခြင်း
3
ယေရှု/သည် ဂျူးဝတ်ပြုဆောင်/သို့ တစ်ဖန်/ကြွတော်မူ/လျှင် လက်တစ်ဖက်/သေသောသူ/တစ်ဦး/ကို တွေ့မြင်တော်မူ၏။ 2 ဖာရိရှဲတို့/သည် ယေရှု/ကို ပြစ်တင်/စွပ်စွဲ/လို/သဖြင့် ယေရှု/သည် ဥပုသ်နေ့/တွင် ထို/သူ/အား ကုသမည်၊ မကုသမည်/ကို စောင့်ကြည့်/နေကြ၏။
3 ယေရှု/က ထို/လက်တစ်ဖက်/သေသောသူ/အား “လူတို့/ရှေ့ လာ/၍ ရပ်လော့” ဟု မိန့်တော်မူ၏။ 4 ထို့နောက် ထို/သူတို့/အား “ဥပုသ်နေ့/တွင် ကောင်းမှု/ကို ပြု/သင့်သလော။ သို့မဟုတ် မကောင်းမှု/ကို ပြု/သင့်သလော။ လူ့/အသက်/ကို ကယ်/သင့်သလော။ သို့မဟုတ် သတ်ဖြတ်/သင့်သလော” ဟု မေးတော်မူ၏။ သို့သော် သူတို့/သည် မဖြေဘဲ/နေကြ၏။
5 ယေရှု/သည် အမျက်တော်/ဖြင့် ထို/သူတို့/ပတ်လည်/သို့ ကြည့်ပြီး/မှ သူတို့/၏ ခေါင်းမာမှု/အတွက် ဝမ်းနည်းတော်မူ၏။ ထို့နောက် လက်တစ်ဖက်/သေသောသူ/အား “သင်/၏/လက်/ကို ဆန့်လော့” ဟု မိန့်တော်မူ၏။ ထို/သူ/သည် လက်/ကို/ဆန့်/သောအခါ သူ/၏/လက်/သည် အကောင်းပကတိ/အတိုင်း ဖြစ်လေ၏။
6 ဖာရိရှဲတို့/သည် ထွက်သွား/၍ ကိုယ်တော်/ကို သတ်/ရန် မည်သို့/လုပ်ကြံရမည်/ကို ဟေရုဒ်/ဘက်တော်သားများ/နှင့် ချက်ချင်း/တိုင်ပင်ကြ၏။
ယေရှု/နောက်တော်/သို့ လူထုပရိသတ်/လိုက်ခြင်း
7 ယေရှု/သည် တပည့်တော်တို့/နှင့်အတူ အိုင်/သို့ ကြွတော်မူ/လျှင် လူအုပ်ကြီး/သည်လည်း နောက်တော်/သို့ လိုက်ကြ၏။ ထို/သူတို့/သည် ဂါလိလဲပြည်/မှစ၍ ယုဒပြည်၊ 8 ဂျေရုဆလင်မြို့၊ ဣဒုမဲပြည်၊ ဂျော်ဒန်မြစ် တစ်ဖက်ကမ်း/ဒေသ၊ ဆီဒုန်မြို့/နှင့် တိုင်ရာမြို့ စသည့် ပတ်ဝန်းကျင်/ဒေသတို့/မှ လာသော/သူများ/ဖြစ်ကြ၏။ ကိုယ်တော်/ပြုတော်မူ/သမျှသော အံ့ဖွယ်/နိမိတ်/လက္ခဏာ/သတင်း/သည် အရပ်ရပ်/သို့ ပျံ့နှံ့/သဖြင့် လူများစွာတို့/သည် ကိုယ်တော်/ထံသို့ လာကြ၏။
9 ယေရှု/သည် မိမိ/ကို လူထုပရိသတ် မတိုးကြိတ်မိ/စေလို/သဖြင့် တပည့်တော်တို့/အား လှေတစ်စီး အသင့်ပြင်ထား/ရန် မိန့်တော်မူ၏။ 10 အဘယ်ကြောင့်ဆိုသော် ကိုယ်တော်/သည် လူများစွာ/ကို ကျန်းမာစေတော်မူ/သဖြင့် ရောဂါဝေဒနာရှင်များ/က ယေရှု/ကို တို့ထိ/ရန် တိုးဝှေ့ကြ/သောကြောင့်/ဖြစ်၏။ 11 နတ်ဆိုးပူးသော သူတို့/သည် ကိုယ်တော်/ကို တွေ့မြင်သည့် အခါတိုင်း ရှေ့တော်/၌ ဝပ်တွားခယ/လျက် “ကိုယ်တော်/သည် ဘုရားသခင်/၏ သားတော်/ဖြစ်ပါ၏” ဟု ဟစ်အော်ကြ၏။ 12 သို့သော်လည်း ကိုယ်တော်/က မိမိ/မည်သူ/ဖြစ်ကြောင်း မဖော်ပြ/ရန် ထို/နတ်ဆိုးတို့/အား တင်းကျပ်/စွာ သတိပေးတော်မူ၏။
တမန်တော်/ဆယ့်နှစ်ပါး/ကို ရွေးချယ်တော်မူခြင်း
13 ထို့နောက် ကိုယ်တော်/သည် တောင်/ပေါ်သို့ တက်/၍ မိမိ/အလိုရှိသော/သူ/တချို့/ကို ခေါ်တော်မူ၏။ ထို/သူတို့/သည် ကိုယ်တော်/ထံသို့ လာကြ၏။ 14-15 ထို/သူတို့/ထဲမှ ဆယ့်နှစ်ဦး/ကို ရွေးချယ်/၍ တမန်တော်များ/ဟု သတ်မှတ်/ခေါ်ဝေါ်တော်မူ၏။a ထို့နောက် သူတို့/အား “ငါ့/အနား/တွင် ရှိနေ/စေရန် သင်တို့/ကို ငါ/ရွေးချယ်ခန့်ထား၏။ တရားဟော/ရန်အတွက် သင်တို့/ကို ငါ/စေလွှတ်မည်။ နတ်ဆိုး/နှင်ထုတ်နိုင်သော/အခွင့်အာဏာ/ကိုလည်း ငါ/ပေးမည်” ဟု မိန့်တော်မူ၏။ 16 ထို/ရွေးချယ်ခံရသော ဆယ့်နှစ်ဦးတို့/၏ အမည်များ/မှာ
 
ပေတရု/ဟု ယေရှု/မှည့်ခေါ်ထားတော်မူသော ရှိမုန်၊
17 မိုးကြိုးသား/ဟု အဓိပ္ပာယ်ရသည့် ဗောနေဂရက်/ဟု ယေရှု/မှည့်ခေါ်ထားတော်မူသော ဇေဗေဒဲ/၏ သားများ/ဖြစ်သည့် ယာကုပ်/နှင့် ယောဟန်၊
18 အန္ဒြေ၊
ဖိလိပ္ပု၊
ဗာသောလမဲ၊
မဿဲ၊
သောမ၊
အာလဖဲ/၏ သား ယာကုပ်၊
သဒ္ဒဲ၊
မျိုးချစ်စိတ်/ထက်သန်သူb ရှိမုန်၊
19 ယေရှု/ကို သစ္စာဖောက်သော ယုဒရှကာရုတ်/တို့
ဖြစ်ကြ၏။
ယေရှု/နှင့် နတ်ဆိုးမင်း
20 ထို့နောက် ယေရှု/သည် အိမ်/သို့ ဝင်တော်မူ/လျှင် လူထု/ပရိသတ်တို့/သည် ထပ်မံ/စုဝေးလာကြ၏။ ထို့ကြောင့် ကိုယ်တော်/နှင့် တပည့်တော်တို့/သည် အစာ/စားချိန်/ပင် မရကြပေ။ 21 ကိုယ်တော်/၏ မိသားစုဝင်တို့/သည် ဖြစ်ပျက်သမျှ/ကို ကြား/လျှင် ကိုယ်တော်/ကို ထိန်းချုပ်/ရန် ရောက်လာကြ၏။ သူတို့/က “သူ/သည် စိတ်ဖောက်ပြန်နေပြီ” ဟု ဆိုကြ၏။
22 သို့သော် ဂျေရုဆလင်မြို့/မှ ရောက်လာကြသော ကျမ်းတတ်ဆရာများ/က “သူ/သည် နတ်ဆိုးမင်း/ဗေလဇေဗုလ ပူးနေသူ/ဖြစ်၏။ ထို/နတ်ဆိုး/၏/တန်ခိုး/ဖြင့် နတ်ဆိုးတို့/ကို နှင်ထုတ်သည်” ဟု ပြောဆိုကြ၏။
23 ယေရှု/က ထို/သူတို့/ကို ခေါ်/၍ ပုံဥပမာများ/ဖြင့် မိန့်တော်မူသည်/မှာ “စာတန်/သည် စာတန်ကို မည်သို့ နှင်ထုတ်ပါမည်နည်း။ 24 နိုင်ငံ/တစ်နိုင်ငံ/တွင် ပြည်တွင်းစစ်/ဖြစ်/လျှင် ထို/နိုင်ငံ/သည် ပြိုကွဲ/လိမ့်မည်။ 25 ထို/နည်းတူ မိသားစု/တစ်စု/တွင် အချင်းချင်း စိတ်ဝမ်းကွဲ/လျှင် ပြိုကွဲ/လိမ့်မည်။ 26 အကယ်၍ စာတန်/သည် မိမိကိုယ်မိမိ ဆန့်ကျင်/ပုန်ကန်/လျက် ကွဲပြား/လျှင် သူ/သည် မတည်မြဲနိုင်ဘဲ ကျဆုံး/လိမ့်မည်။ 27 ခွန်အားကြီးသောသူ/ကို ဦး/စွာ မချည်နှောင်ဘဲ သူ/၏ အိမ်/သို့ ဝင်/၍ ဥစ္စာပစ္စည်းများ/ကို မည်သူမျှ မလုယူနိုင်။ ထို/သူ/ထက် ခွန်အားကြီးသော တစ်စုံတစ်ယောက်/က သူ့/ကို ချည်နှောင်ပြီး/မှသာ သူ/၏ အိမ်/ကို ဖောက်ထွင်း/လုယူနိုင်မည်။
28 ငါ/အမှန်/ဆိုရ/လျှင် လူတို့/သည် မိမိတို့/၏ အပြစ်/ရှိသမျှ/နှင့် ဘုရားသခင်/ကို စော်ကားသော/စကားများ/အတွက် ခွင့်လွှတ်တော်မူခြင်း/ခံရနိုင်၏။ 29 သို့ရာတွင် သန့်ရှင်းသော/ဝိညာဉ်တော်/ကို စော်ကား/ပြောဆိုသော/သူ/မှာမူ မည်သည့်/အခါမျှ ခွင့်လွှတ်တော်မူခြင်း/ခံရမည်/မဟုတ်။ ထာဝရ/ပြစ်ဒဏ်/ကို ခံထိုက်သော/သူ/ဖြစ်သည်” ဟူ၍/ဖြစ်၏။ 30 ထိုသို့ မိန့်တော်မူရခြင်း/မှာ လူတို့/က “သူ/သည် နတ်ဆိုး/ပူးနေသူ/ဖြစ်သည်” ဟု ပြောဆိုကြ/သောကြောင့်/ဖြစ်၏။
ယေရှု/၏ စစ်မှန်သော/မိသားစု
31 ထိုအခါ မယ်တော်/နှင့် ညီတော်တို့/သည် ကိုယ်တော်/ကို တွေ့ဆုံ/ရန် ရောက်လာကြ၏။ သူတို့/သည် အပြင်/တွင် ရပ်/လျက် လူလွှတ်/ကာ ကိုယ်တော်/ကို ခေါ်ကြ၏။ 32 ယေရှု/အနား/တွင် ထိုင်နေကြသော/ပရိသတ်တို့/က “ကိုယ်တော်/၏ မယ်တော်/နှင့် ညီတော်တို့c/သည် ကိုယ်တော့်/ကို မေး/၍ အပြင်/၌ စောင့်နေကြပါသည်” ဟု လျှောက်ကြ၏။
33 ယေရှု/က “ငါ့/မိခင်/သည် မည်သူနည်း။ ငါ့/ညီများ/သည် မည်သူတို့နည်း” ဟု မေးတော်မူ၏။ 34 ထို့နောက် မိမိ/ဘေးပတ်လည်/တွင် ထိုင်နေကြသောသူများ/ကို ကြည့်တော်မူ/ပြီးလျှင် “ဤ/သူတို့/သည် ငါ့/မိခင်/နှင့် ငါ့/ညီများ ဖြစ်ကြ၏။ 35 ဘုရားသခင်/၏ အလိုတော်/အတိုင်း ဆောင်ရွက်သော/သူ/သည် ငါ့/ညီ၊ ငါ့/နှမ၊ ငါ့/မိခင် ဖြစ်သည်” ဟု မိန့်တော်မူ၏။